ဇန်နဝါရီလအတွင်း ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာခရီးသွား နှစ်သန်းခွဲလာရောက်
ဟနွိုင်း ဖေဖော်ဝါရီ ၆
ဗီယက်နမ်နိုင်ငံသို့ ဇန်နဝါရီလ အတွင်း နိုင်ငံတကာမှ ခရီးသည် ၂ ဒသမ ၅ သန်းခန့် လာရောက် လည်ပတ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။
အဆိုပါ အရေအတွက်မှာ ယမန်နှစ် အလားတူကာလကနှင့် နှိုင်းယှဉ်ကြည့်ပါက ၁၈ ဒသမ ၅ ရာခိုင်နှုန်းတိုး လာကြောင်း အမျိုးသားစာရင်းအင်းရုံးက ထုတ်ပြန်ထားသည်။
ဗီယက်နမ်နိုင်ငံသို့ ဇန်နဝါရီလအတွင်း လာရောက်လည်ပတ်သူများအနက် လေကြောင်းဖြင့် လာရောက်လည်ပတ်သူ နှစ်သန်း ခန့်ရှိရာ ၇၉ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း၊ လာရောက်လည်ပတ်သူအများစုမှာ အာရှမှဖြစ်ပြီး ၁ ဒသမ ၈ သန်းကျော်ရှိကြောင်း အဆိုပါရုံးက ပြောကြားသည်။
ဆင်ဟွာ

No comments