ဂျပန်နိုင်ငံ၌ တုပ်ကွေးရောဂါဖြစ်ပွားမှု ပြန်လည်များပြားလာ


တိုကျို ဖေဖော်ဝါရီ ၆

ဂျပန်နိုင်ငံ၌ တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ကျဆင်းသွားပြီးနောက် ယခုအခါ သတိပေးမှုအဆင့်အထက် ကျော်လွန်လာကာကူးစက်မှု ပြန်လည်များပြားလာကြောင်း ကျန်းမာရေး၊ အလုပ်သမား နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၆ ရက်တွင် ပြောသည်။ 


ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဂျပန်နိုင်ငံတစ်ဝန်း တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၁၄၂၉၁ ဦးရှိသည်။ ဆေးရုံ တစ်ခုတွင် ပျမ်းမျှအားဖြင့် တုပ်ကွေးလူနာ ၃၀ ဒသမ ၀၃ ခန့်ရှိပြီး အဆိုပါပမာဏသည် သတိပေးမှု အဆင့်ထက် ကျော်လွန်နေပြီ ဖြစ်သည်ဟု ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။


လွန်ခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်၍ influenza B ဗိုင်းရပ်စ်ပျံ့နှံ့ခြင်းကြောင့် တုပ်ကွေးရောဂါကူးစက်မှု ပြန်လည် ခေါင်းထောင်လာခြင်းဖြစ်သည်ဟု ယူဆရသည်။


အစောပိုင်းဖြစ်ပွားမှုမှာ H3N2 influenza A ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇအသစ်တစ်မျိုးဖြစ်သော Subclade K ကူးစက်မှု ပင်ဖြစ်သည်။                 

ဆင်ဟွာ

No comments

Powered by Blogger.