ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာအထက်တန်းကျောင်းများ၌ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး



လွိုင်ကော် ဖေဖော်ဝါရီ ၂၁

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ် အတွင်း အခြေခံပညာအထက်တန်းကျောင်းများ၌ ပြည်ထောင်စုအထွေထွေ ပိုလျှံရန်ပုံငွေဖြင့် သိပ္ပံဆောင်တည်ဆောက်နေမှု၊ စာကြည့်တိုက်တည်ဆောက်နေမှုနှင့် ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေး

ဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ(နမ့်ကွတ်) ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံ ရန်ပုံငွေဖြင့် RCC တစ်ထပ် သိပ္ပံဆောင်အသစ်ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေနိမ့်ပိုင်းဖြစ်၍ မိုးရာသီတွင် ရေဝင်သည့်အတွက် မြေသားခိုင်မာမှုရှိစေရေး အလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ချိန်အမီ ပြီးစီးရန်နှင့် အရည်အသွေး ပြည့်မီစွာဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေ ဖြင့် ခြံစည်းရိုးအုတ်တံတိုင်း အရှည်ပေ ၈၀၀ ဆောင်ရွက်နေမှုနှင့် RCC တစ်ထပ် စာကြည့်တိုက် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ဈေးပိုင်းရပ်ကွက်ရှိ ဥတ္တရာရုံ ပရိယတ္တိစာသင်တိုက်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး နဝကမ္မ အလှူငွေများ လှူဒါန်းကာ ကျောင်းတိုက်အတွင်းအခြေခံ စာတတ်မြောက်ရေး သင်ကြားမှု၊ သင်ယူမှုများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.