(၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၂၁
၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၂)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က)အဆင့်နှင့် (ခ)အဆင့် ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
ပြိုင်ပွဲတွင် စစ်တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၂) စစ်တီးဝိုင်းအသင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂) စစ်တီးဝိုင်းအသင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ် (၂)စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ စစ်တီးဝိုင်းပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ တပ်မတော်အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments