အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားမှုမှာ အဓိကဆွေးနွေးမည့် အကြောင်းအရာဖြစ်ဖွယ်ရှိ



ဒူဘိုင်း မတ် ၃၁


ဓာတ်ဆီနှင့် ဒီဇယ်ဆီ

ဈေးနှုန်းများ ယခင်လထက်မြင့်တက်လာပြီး ဧပြီလတွင်လည်း စက်သုံးဆီ ဈေးနှုန်းများ သိသိသာသာ မြင့်တက်နိုင်ကြောင်း အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE) စက်သုံးဆီ ဈေးနှုန်းကော်မတီက မတ် ၃၁ ရက်တွင် ကြေညာခဲ့သည်။


ဧပြီလ ၁ ရက်မှစ၍ Super 98 ဓာတ်ဆီသည် တစ်လီတာလျှင် ယူအေအီးဒါဟမ် ၂ ဒသမ ၅၉ (အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၁ ခန့်) မှ ယူအေအီးဒါဟမ် ၃ ဒသမ ၃၉ (အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၂) အထိ မြင့်တက်မည်ဖြစ်ပြီး ယခင်ဈေးနှုန်းထက် ၃၀ ဒသမ ၉ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ပါ သည်။ 95 ဈေးနှုန်းသည် တစ် လီတာလျှင် ယူအေအီးဒါဟမ် ၂ ဒသမ ၄၈ (အမေရိကန် ဒေါ်လာ ၀ ဒသမ ၆၈) မှ ယူအေအီးဒါဟမ် ၃ ဒသမ ၂၈ (အမေရိကန် ဒေါ်လာ ၀ ဒသမ ၈၉) အထိ မြင့်တက်လာ မည်ဖြစ်သဖြင့် ယခင်ဈေးနှုန်း ထက် ၃၂ ဒသမ ၃ ရာခိုင်နှုန်း တက်လာမည်ဖြစ်သည်။


E-Plus 91 ဈေးနှုန်းသည် တစ်လီတာလျှင် ယူအေအီးဒါဟမ် ၂ ဒသမ ၄၀ (အမေရိကန်‌ ဒေါ်လာ ၀ ဒသမ ၆၅) မှ ယူအေအီး ဒါဟမ် ၃ ဒသမ ၂၀ (အမေရိကန်‌ ဒေါ်လာ ၀ ဒသမ ၈၇) အထိ မြင့်တက်မည်ဖြစ်ပြီး ယခင် ဈေးနှုန်းထက် ၃၃ ဒသမ ၃ ရာခိုင်နှုန်း တိုးလာမည်ဖြစ်သည်။ ဒီဇယ်သည် တစ်လီတာလျှင် ယူအေအီးဒါဟမ် ၂ ဒသမ ၇၂ (အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၄) မှ ယူအေအီးဒါဟမ် ၄ ဒသမ ၆၉ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈) အထိ မြင့်တက်သွားမည်ဖြစ်ပြီး ယခင်ဈေးနှုန်းထက် ၇၂ ဒသမ ၄ ရာခိုင်နှုန်းအထိ ခုန်တက်သွားမည်ဖြစ်သည်။


ဆီဈေးနှုန်းများသည် မတ်လအတွင်း အနည်းငယ်မျှသာ မြင့်တက်ခဲ့ပြီး ဧပြီလဆန်း၌ တစ်ဟုန်ထိုး မြင့်တက်မည်ဖြစ်သည်။


ကမ္ဘာ့ရေနံဈေး မြင့်တက်လာခြင်းကြောင့် စက်သုံးဆီဈေးနှုန်းများ ကမ္ဘာနှင့်တစ်ဝန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ဖော်ပြထားသည်။


အာရပ် စော်ဘွားများ ပြည်ထောင်စုသည် ၂၀၁၅ ခုနှစ် ကတည်းက စက်သုံးဆီဈေးနှုန်းများ ကန့်သတ်ခဲ့ပြီး ပြည်တွင်း ဈေးနှုန်းများကို နိုင်ငံတကာပေါက်ဈေးများနှင့် ချိန်ညှိထားသည်။

ဆင်ဟွာ

No comments

Powered by Blogger.