ဂျပန်နိုင်ငံမှ ဒီဇယ်စည် ၁၄၀၀၀၀ ကျော် ဖိလစ်ပိုင်လက်ခံရရှိ



မနီလာ မတ် ၃၁

ဖိလစ်ပိုင်အစိုးရက အမျိုးသားစွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာပြီးနောက် ဂျပန်နိုင်ငံမှ ဒီဇယ် စည်ပေါင်း ၁၄၀၀၀၀ ကျော် ရောက်ရှိလာခဲ့ကြောင်း ပြောကြားလိုက်သည်။


ဖိလစ်ပိုင်စွမ်းအင်ဝန်ကြီးဌာန က မတ် ၂၆ ရက်တွင် ဒီဇယ်စည် ပေါင်း ၁၄၂၀၀၀ ရောက်ရှိလာ ခဲ့ကြောင်း မတ် ၃၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါစက်သုံးဆီများကို နိုင်ငံပိုင်ရေနံကုမ္ပဏီတစ်ခုက ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဖိလစ်ပိုင်နိုင်ငံ၏ ရေနံစိမ်း တင်သွင်းမှုမှာ အရှေ့အလယ်ပိုင်း ဒေသအပေါ် ၉၀ ရာခိုင်နှုန်းကျော် အထိအမှီပြုနေရပြီး ယင်းဒေသတွင် ပဋိပက္ခများဖြစ်ပွားလာပြီးနောက် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရသည်။


စွမ်းအင်ထောက်ပံ့မှုအကျပ် အတည်းနှင့် ကြုံတွေ့နေရသည်ဟုဆိုကာ ဖိလစ်ပိုင်အစိုးရက ယခုလ အစောပိုင်းတွင် အမျိုးသားစွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကြေညာထားသည်။


မလေးရှား၊ စင်ကာပူနှင့် အိန္ဒိယနိုင်ငံတို့ အပါအဝင် စုစုပေါင်း ဒီဇယ်စည် တစ်သန်းခန့် ကို ဧပြီလအတွင်း တင်ပို့မှုရရှိမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ကြေညာသည်။ ဖိလစ်ပိုင်အစိုးရသည် စက်သုံးဆီထောက်ပံ့မှုများကို စာချုပ်ပါ အတိုင်း လက်ခံရရှိစေရန်အတွက် သံရုံးများနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ရှာရွန်ဂါရင်က သတင်းထောက်များအား ဖြေကြားသည်။

အင်န်အိတ်ချ်ကေ 

No comments

Powered by Blogger.