ဒီဂျစ်တယ်နည်းပညာနှင့် AI နည်းပညာ အသုံးချမှုများကို စဉ်ဆက်မပြတ် လေ့လာသင်ယူ ဆောင်ရွက်နေရန် လိုအပ်
နေပြည်တော် ဧပြီ ၂၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့က ဇီဝနည်းပညာ သုတေသနဦးစီးဌာနသို့
သွားရောက်ကြည့်ရှုစစ်ဆေးရာ ဌာနတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က
ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဇီဝနည်းပညာ သုတေသနလုပ်ငန်းများ၊
နည်းပညာပြန့်ပွားရေး ဆောင်ရွက်နေမှုများ၊ နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု သုတေသနဆောင်ရွက်နေမှု
အခြေအနေများ၊ နိုင်ငံတကာနှင့် သုတေသန ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် အခြေခံအဆောက်အအုံ
လိုအပ်ချက်များကို ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍
ပြည်ထောင်စုဝန်ကြီးက ဇီဝနည်းပညာသည် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍတို့နှင့် ဆက်စပ်လျက်ရှိပြီး နိုင်ငံတကာတွင်လည်း
အလေးထား လုပ်ဆောင်လျက်ရှိပါကြောင်းနှင့် နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အလွန်အရေးကြီးပါကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအသီးသီးအလိုက်
တာဝန်ခံဆောင်ရွက်နေသော အဖွဲ့အစည်းများကို အထောက်အပံ့ဖြစ်စေရန် လိုအပ်ပါကြောင်း၊
ထို့ပြင် ဒီဂျစ်တယ်နည်းပညာနှင့် AI နည်းပညာအသုံးချမှုများကို
စဉ်ဆက်မပြတ် လေ့လာသင်ယူဆောင်ရွက်နေရန် လိုအပ်ပါကြောင်း မှာကြားပြီး
ခင်းကျင်းပြသထားသော သုတေသနလုပ်ငန်းများ၊ လက်တွေ့ခန်းများနှင့် စိုက်ပျိုးရေးမြေဆီလွှာ လက်တွေ့ဆန်းစစ်ပြသမှုကို
ကြည့်ရှု စစ်ဆေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ရှိ ငလျင်ဒဏ်သင့်
ပင်မဆောင်များ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဖြိုဖျက် ဆောင်ရွက်နေမှုများ၊
စကေးကိုက်အကွက်ချပုံစံပေါ်မူတည်၍ အဆောက်အအုံများ တည်ဆောက် ထားရှိမှုများကို
မြေပြင်ကွင်းဆင်းစစ်ဆေး၍ အဆောက်အအုံအသစ်များ ထပ်မံဖြည်းဆည်း ဆောင်ရွက်ရာတွင်
ငလျင်ဒဏ်ခံနိုင်ရည်ရှိသော Design Structure များဖြင့် ဆောင်ရွက်ရန်နှင့် နောင် အနာဂတ်တွင် ဖြည့်ဆည်းရမည့်
လိုအပ်ချက်ပေါ်မူတည်၍ ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များ မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင်
ပြည်ထောင်စုဝန်ကြီး သည် တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံ လေကြောင်းနှင့်
အာကာသ ပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ) နှင့် မွန်းလွဲပိုင်းတွင်
နည်းပညာတက္ကသိုလ် (ရမည်းသင်း) သို့သွားရောက်၍ ငလျင်ဒဏ်သင့် အဆောက်အအုံ
ဖြိုဖျက်နေမှုများ၊ စာသင်ခန်း၊ လက်တွေ့ခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊
စကေးကိုက် အကွက်ချပုံစံအပေါ်မူတည်၍
ဘောလုံးကွင်းများ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာ
နေရာချထားမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။ ခရီးစဉ်အတွင်း
ပြည်ထောင်စုဝန်ကြီးသည် ပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့်
ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိသည်။
သတင်းစဉ်
No comments