ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် လွိုင်ကော်မြို့နယ်တရားရုံး၌ တရားရေးဝန်ထမ်းများနှင့်တွေ့ဆုံ
လွိုင်ကော် ဧပြီ ၁
ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင်
လွိုင်ကော်မြို့နယ်တရားရုံး၌ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့်
တရားရေးအရာရှိများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ တရားရေးဆိုင်ရာများနှင့် တရားရုံးများ
ဥပဓိရုပ်ကောင်းမွန်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်သည်
ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ၂၀၂၃ ခုနှစ်
နိုဝင်ဘာ ၁၇ ရက်က မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသဖြင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ်သန်း
၄၇၀ ဖြင့် မြို့နယ်တရားရုံးအဆောက်အအုံသစ် အလျားပေ ၁၃၀ x အနံပေ ၅၀ ရှိ RCC တစ်ထပ် အဆောက်အအုံ၊
ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၁၆၅ ဒသမ ၁၀၀ သန်းဖြင့် အလျားပေ ၃၀ x အနံ ပေ ၂၀ ရှိ နှစ်ထပ်
သက်သေခံ ပစ္စည်းထားသိုရန် အဆောက်အအုံနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၁၇ ဒသမ ၁၀၀ သန်းဖြင့်
အလျား ၃၉ ပေ x အနံ ပေ ၂၀ ရှိ တရားရုံး အချုပ်ခန်း အဆောက်အအုံများ အသစ်ပြုပြင်မွမ်းမံတည်ဆောက်ပြီးစီးမှုတို့ကို
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments