တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်း အပါအဝင် သဘာဝဘေးဒဏ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအား ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များ ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ရွေးကောက်တင်မြှောက်ခြင်း ခံရသောသမ္မတက တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့်
တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်း အပါအဝင် သဘာဝဘေးဒဏ်ပြန်လည်
ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအား
ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များ ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
နေပြည်တော် ဧပြီ ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့်
ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်း အပါအဝင်
သဘာဝဘေးဒဏ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြသည့်
အရာရှိကြီးများအား ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များ ချီးမြှင့်ခြင်းအခမ်းအနားကို
ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရုံး Banquet Hall ၌ ကျင်းပပြုလုပ်ရာ ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားပြီး
ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်ပေးအပ်သည်။
တက်ရောက်
အခမ်းအနားသို့
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး
စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင်
ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု
အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်
အငြိမ်းစားအဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်
တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ
ရွေးကောက်တင်မြှောက်ခြင်း ခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး
ကော်မရှင်ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် မိမိဦးဆောင်သည့် တပ်မတော်အနေဖြင့် ၂၀၂၀
ပြည့်နှစ် ရွေးကောက်ပွဲ မသမာမှုများကြောင့် အရေးပေါ်ကာလသတ်မှတ်ပြီး
အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်က တာဝန်ပေးခဲ့သောကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁
ရက်နေ့မှ ယခုအထိ နိုင်ငံ့တာဝန်ကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်တာဝန်ကို
စတင်ယူခဲ့ချိန်မှစပြီး အခက်အခဲနှင့် စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရသည်ကို
မိမိနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် တပ်မတော်သားများ
ပူးပေါင်းပြီး ပြည်သူလူထုအားဖြင့် ရင်ဆိုင်ကျော်လွှား နိုင်ခဲ့ကြသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း။
စတင်တာဝန်ယူချိန်၌
ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြင်းထန်နေသည့်အချိန်ဖြစ်ပြီး ကူးစက်မှု ကာကွယ်ရန်နှင့်
ကုသရေးဆိုင်ရာများကို တပ်မတော်သားများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း
ဆောင်ရွက်ခဲ့ကြသောကြောင့် ထိခိုက်ဆုံးရှုံးမှုနည်းပါးစွာဖြင့် ကပ်ရောဂါကြီးကို
ကျော်လွှားနိုင်ခဲ့ကြောင်း၊ ထို့အတွက်ကြောင့်လည်း တပ်မတော်မှ စီစဉ်ဆောင်ရွက်ပေးခဲ့သူများနှင့်
ပါဝင်ဆောင်ရွက်ခဲ့သူများအား မှတ်တမ်းတင်ကြောင်းကို ပြောကြားလိုကြောင်း။
တစ်ဆက်တည်း၌ပင်
ရခိုင်ပြည်နယ်၌ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့၌ အလွန့်အလွန် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း
မိုခါတိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်တွင် လူအသေအပျောက်များခဲ့ပြီး ရုံးအဆောက်အအုံများ၊
လူနေအိမ်များ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် သာသနိက အဆောက်အအုံများ များစွာထိခိုက်ပျက်စီးခဲ့ကြောင်း။
ယင်းအချိန်က
မိမိအနေဖြင့် ရခိုင်ပြည်နယ်ကို မုန်တိုင်းတိုက်ခတ်ပြီး နောက်ရက်တွင် ချက်ချင်း သွားရောက်ကာ
ထိခိုက်ဒဏ်ရာရသူများအား အားပေးနှစ်သိမ့်ခြင်းနှင့် ပြန်လည်ထူထောင်ရေး
လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ချက်ချင်းဖွဲ့စည်းပြီး
ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ
ဆောင်ရွက်စေခဲ့ကြောင်း၊ ဒေသခံ အများစုအနေဖြင့် မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေကြပြီး
ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို တပ်မတော်နှင့်အစိုးရ
ပူးပေါင်းပြီး ချက်ချင်းဆောင်ရွက်ခဲ့ကြကြောင်း၊ ပျက်စီးမှုများကို
ရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်မှုကို မူလအခြေအနေထက် သာလွန် ကောင်းမွန်အောင်
တပ်မတော်အင်အားကို အခြေပြု ပြီး အလေးထားဆောင်ရွက်ပေးခဲ့ကြောင်း။
ပို့ဆောင်ပေးနိုင်ခဲ့
ထိုသို့
ဆောင်ရွက်ရာတွင် အစိုးရ၊ ဌာနဆိုင်ရာများနှင့်အတူ တပ်မတော်သားများ၏ ပူးပေါင်း
ပါဝင်မှုသည် အင်အားကြီးမားခဲ့ကြောင်း၊ ထို့ကြောင့်လည်း အချိန်တိုကာလအတွင်း၌
ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်နှင့် လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ခဲ့ကြခြင်း
ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်လေယာဉ်များ၊ စစ်ရေယာဉ်များကို
အင်တိုက်အားတိုက် အသုံးပြုပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလည်း
ဆောင်ရွက်ခဲ့ကြောင်း၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများ၊
ဆောက်လုပ်ရေးပစ္စည်းများ၊ စားရေရိက္ခာများကို ရေကြောင်း၊ လေကြောင်းတို့ဖြင့်
အကြိမ်ကြိမ် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့်လည်း မုန်တိုင်းဒဏ်ခံရသည့်
ရခိုင်ပြည်သူများ စားဝတ်နေရေးအဆင်ပြေပြီး အမိုးအကာအောက် လျင်မြန်စွာ
ရောက်ရှိနိုင်ခဲ့ကြောင်း၊ နိုင်ငံတကာက လေကြောင်း၊ ရေကြောင်းဖြင့် ပေးပို့လာသည့်
ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ပြည်တွင်းမှလှူဒါန်းသည့် ပစ္စည်းများကိုလည်း
တပ်မတော်သားများက ရန်ကုန်မှတစ်ဆင့် လေကြောင်း၊ ရေကြောင်းများဖြင့် အတင်အချပြုလုပ်ပြီး
အချိန်နှင့် တစ်ပြေးညီ ပေးပို့နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း။
ထို့အပြင်
တပ်မတော်မှ အရာရှိ ကြီးများကို ပြည်နယ်အတွင်း မြို့နယ်အလိုက် သတ်သတ်မှတ်မှတ်
တာဝန်ပေးပြီး အပျက်အစီးများ ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို
ပိုမိုထိရောက်အောင် ဆောင်ရွက်စေခဲ့ကြောင်း၊ တာဝန်ပေးခဲ့သည့် တပ်မတော်အရာရှိကြီးများ
ကလည်း ဆင်းရဲဒုက္ခကြားတွင် သွားရောက်နေထိုင်ပြီး လက်တွေ့ကျကျ အောက်ခြေထိဆင်းပြီး
ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိုခါမုန်တိုင်း ကျရောက်စဉ်နှင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်တိုအတွင်း၌ စိတ်စေတနာထက်သန်စွာဖြင့်
စွန့်လွှတ်စွန့်စား ပါဝင်ဆောင်ရွက် ခဲ့ကြသည့် တပ်မတော်အရာရှိကြီးများအား
ကျေးဇူးတင်ပြီး လေးစားဂုဏ်ပြုသည့် အနေဖြင့် ယနေ့ ဂုဏ်ပြုအထိမ်းအမှတ်
လက်ဆောင်ပေးအပ်သည့် အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း။
၂၀၂၄ ခုနှစ်
စက်တင်ဘာလ ၁၁ ရက်နေ့တွင် တောင်တရုတ် ပင်လယ်ဘက်ကစခဲ့သည့် စူပါတိုင်ဖွန်း မုန်တိုင်း
ရာဂီကြောင့် နေပြည်တော်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊
မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နှစ်ပေါင်း ၇၀ အတွင်း
အကြီးမားဆုံးသော မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှုများ
ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ သဘာဝဘေး ကျရောက်စဉ်ကလည်း တပ်မတော်အနေဖြင့်
နိုင်ငံတော်အစိုးရ၊ ပြည်သူများနှင့်အတူ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး
လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း။
အလားတူ ၂၀၂၅ ခုနှစ်
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အလွန်အင်အားပြင်း မန္တလေး ငလျင်ကြီးကြောင့်
နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတို့၌ ထိခိုက်ပျက်စီးမှုများပြီး အခြားဒေသများ
တွင်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို
ကယ်ဆယ် ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌ တပ်မတော်သားများ ပူးပေါင်းပါဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊
ထိုကဲ့သို့ မိုခါမုန်တိုင်းအပါအဝင် နိုင်ငံတော်တွင် ကျရောက်ခဲ့သည့် သဘာဝဘေး အန္တရာယ်များ၏
ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တပ်မတော်မှ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ပူးပေါင်းပါဝင်နိုင်ရေး
စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည့် တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများနှင့် အရာရှိများ၊
တပ်မတော်သားများအားလုံးကိုလည်း ကျေးဇူးတင်ဂုဏ်ပြုသည်ကို ပြောကြားလိုပါကြောင်း။
အလားတူ
မိမိတို့တာဝန်ယူခဲ့သည့် (၅) နှစ်တာ ကာလအတွင်း၌ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့်
နိုင်ငံတော်၏ စီးပွားရေးအခြေခံဖြစ်သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး
လုပ်ငန်းများ တိုးတက်အောင်မြင်အောင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့်
ကြိုးစားလုပ်ဆောင်ခဲ့သည်ကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုလိုကြောင်း။
ယခုကဲ့သို့
နိုင်ငံတော်အတွက် အရေးကြုံလာတိုင်း၌ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၊
ပြည်သူတို့နှင့် တစ်သားတည်း ပူးပေါင်းပါဝင်ဆောင်ရွက်မှုများအား
အထူးကျေးဇူးတင်ကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်အောင်
ကြီးကြပ်ကွပ်ကဲစီမံပေးခဲ့ကြသည့် တပ်မတော် အရာရှိကြီးများအားလည်း လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုကြောင်းကို
ပြောကြားလိုကြောင်း။
အနာဂတ် ကာလတွင်လည်း
နိုင်ငံ့အတွက် အရေးကြုံလာတိုင်း တပ်မတော်အနေဖြင့် ပြည်သူ့ အကျိုးကို
ထိထိရောက်ရောက် သယ်ပိုးဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြရန်၊ “ပြည်သူသာအမိ
ပြည်သူသာ အဖ”ဟူသည့် ခံယူချက်နှင့် ပြည်သူတွေအပေါ် အလုပ်အကျွေး ပြုသွားကြရန်၊
ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုလည်း ကျရာကဏ္ဍမှ အင်တိုက်အားတိုက်
ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက်
ရွေးကောက်တင် မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း
သာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ
ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး
ကျော်စွာလင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့်
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ အငြိမ်းစား
အဆင့်မြင့် တပ်မတော်အရာရှိကြီးများအား ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များ
ပေးအပ်ချီးမြှင့်သည်။
ယင်းနောက်
ရွေးကောက်တင် မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်
ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခမ်းအနား တက်ရောက်လာ
ကြသူများသည် တည်ခင်းဧည့်ခံထားသည့် ဂုဏ်ပြုလက်ဖက်ရည်များကို အတူတကွ သုံးဆောင်ကြသည်။
အခမ်းအနားအပြီးတွင်
ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်
ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခမ်းအနား တက်ရောက်လာကြသူများအား
ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments