ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး ၇၇၉ ဧက စိုက်ပျိုးပြီးစီး



ငဖဲ ဧပြီ ၂၃


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသတွင်းဆန်စပါးဖူလုံစေရေးအတွက် ၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး ၇၇၉ ဧကစိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။


၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ အဆင်ပြေစွာ ထွန်ယက်စိုက်ပျိုးနိုင်ရေး အတွက် မန်းချောင်းရေလှောင်တမံဆည်မှ ဖေဖော်ဝါရီလဆန်းပိုင်းက စတင်၍ လက်ဝဲမြောင်းမကြီးမှ ၁၀၇၁ ဧက နှင့် လက်ယာမြောင်းမကြီးမှ ဧက ၂၀၀ စုစုပေါင်း ၁၂၇၁ ဧကလျာထားစိုက်ပျိုးမည့် ကျေးရွာအုပ်စုများရှိ လယ်ယာမြေများသို့ နွေစပါးစိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ စိုက်ပျိုးပြီးစီးသည့် စပါးမျိုးများမှာ အောင်နိုင်တိုး ၁၀၁ ဧက၊ မနောသုခ ၁၉၃ ဧက၊ ရတနာတိုး ၆၉ ဧက နှင့် ဆင်းသုခ ၄၁၆ ဧက စုစုပေါင်း ၇၇၉ ဧက လက်ရှိအချိန်ထိ စိုက်ပျိုးပြီးစီးပြီဖြစ်သည်။


ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက် ရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက် လျက်ရှိရာ နွေသီးနှံများစိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဖွဲ့စည်း၍ ကြီးကြပ်ဆောင်ရွက် လျက်ရှိပြီး ကျန်းမာသန်စွမ်းသော စပါးပင်များရရှိရန်အတွက် မျိုးကောင်းမျိုးသန့် သုံးစွဲခြင်း၊ မြေညှိခြင်း၊ ရေသွင်းရေထုတ် မကြာခဏပြုလုပ်ခြင်း၊ ပေါင်းရှင်းခြင်းနှင့် ဘက်စုံမျှတသော ဓာတ်မြေဩဇာ အသုံးပြုနည်း စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ကွင်းဝန်ထမ်းများက ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)

No comments

Powered by Blogger.