ကျုံပျော်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

 


ကျုံပျော် ဧပြီ ၂၂

 

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းလုပ်ငန်းကို သောင်ကြီးကျေးရွာအုပ်စု၌ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။ 

 

ထိုသို့ဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မျိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်လဝကဦးစီးမှူး ဒေါ်ခင်မာစန်းနှင့် မြို့နယ်လဝကဦးစီးမှူး ဦးသန်းစိုးအောင်တို့ကသွားရောက် ကြည့်ရှုအားပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID စာရွက်များအား One Stop Service ဖြင့် ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

နေဝင်းမြင့်(ပြန်/ဆက်)

No comments

Powered by Blogger.