တံတားဦးမြို့နယ် ဇီးချောင်းကျေးရွာသို့ သောက်သုံးရေ လှူဒါန်း

 



တံတားဦး ဧပြီ ၂၂


မန္တလေးတိုင်း ဒေသကြီး တံတားဦးခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့တို့ ဦးဆောင်ပြီး တံတားဦး မြို့နယ် ဇီးချောင်းကျေးရွာ၌ ရေရှားပါးနေသောကြောင့် သောက်သုံးရေများကို ယနေ့နံနက် ၉နာရီက အဆိုပါကျေးရွာအရောက် သွားရောက်ပေးဝေ လှူဒါန်းသည်။


သောက်သုံးရေ ပေးဝေလှူဒါန်းရာသို့ တံတားဦးခရိုင်  စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။


ဇီးချောင်းကျေးရွာတွင် အိမ်ခြေ ၂၈၉ အိမ်၊ အိမ်ထောင်စု ၃၁၀ စု ရှိပြီး ကျေးရွာသူ ကျေးရွာသားများ သောက်သုံးရေအတွက် ရေဂါလန် ၁၆၀၀ ဆံ့ ကားတစ်စီး၊ ရေဂါလန် ၁၅၀၀ ဆံ့ ကားသုံးစီး၊ ရေသန့်ဘူးကြီး ၅၀ တို့ကို သောက်သုံးရေ အသုံးပြုနိုင်ရေးအတွက် လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ တံတားဦးမြို့နယ် အတွင်းရှိ ကျေးရွာများအတွက် ရေလှူဒါန်းလိုပါက တံတားဦးမြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းနှင့် အလှူရှင်များကိုယ်တိုင်လည်း သွားရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.