တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ထားဝယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပရဟိတ ဂေဟာကျောင်းများသို့ လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်း
ထားဝယ် ဧပြီ ၁၈
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပရဟိတ ဂေဟာကျောင်းများ၌ လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို
ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ ဇေယျဝတီဘုန်းတော်ကြီးသင်
ပညာရေးကျောင်းနှင့် ဃောသိတာရာမ ပါဠိတက္ကသိုလ် ကျောင်းတိုက်၌ လှူဖွယ်ပစ္စည်းများ
ပေးအပ်လှူဒါန်းသည်။
ဦးစွာ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ဆရာတော်ကြီးများ၏
ကျန်းမာရေးအခြေအနေများ နှင့် သာသနာရေးဆိုင်ရာများ မေးမြန်းလျှောက်ထား ပြီး
ဆရာတော်ကြီးများထံမှ ငါးပါးသီလနှင့် ဩဝါဒ ကထာစကား နာယူကြည်ညိုကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုငွေ နှင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊
ဆား၊ ငရုတ်ကြမ်း စသည်တို့ကို ဆရာတော်ကြီးများထံ ပေးအပ်လှူဒါန်း၍
လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကာ ရေစက်သွန်းချ အမျှပေးဝေသည်။
ထို့နောက်
တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊
ဘုန်းတော်ကြီးကျောင်းများနှင့် မိဘမဲ့ပရဟိတ ဂေဟာကျောင်းများသို့
လှူဖွယ်ဝတ္ထုငွေနှင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ဆား၊ ငရုတ်ကြမ်းနှင့် ကျောင်းများတွင်လိုအပ်လျက်ရှိသော
လှူဖွယ် ပစ္စည်းတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments