ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စုပေါင်းဇီဝိတဒါနငါးလွှတ်ပွဲနှင့် (၆၂) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲသို့ တက်ရောက်
စစ်တွေ ဧပြီ ၁၈
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍
စုပေါင်းဇီဝိတဒါနငါးလွှတ်ပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ လက်ဝဲသလုံးတော် ဓာတ်စေတီတော်မြတ်ကြီးအနီး
ကန်တော်ကြီး ရေကန်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊
ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊
စစ်တွေတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
ဦးစွာ
ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက လက်ဝဲသလုံးတော် ဓာတ်စေတီတော်မြတ်
ကြီးအား ဖူးမြော်ကြည်ညိုကာ ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြပြီး
ကန်တော်ကြီး ရေကန်၌ စုပေါင်းဇီဝိတဒါန ငါးလွှတ်ပေးကြသည်။
ထို့နောက်
စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပ သော (၆၂)ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ်
သက်ကြီး ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို
ရခိုင် ရိုးရာမင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်သည်။
ယင်းနောက်
ပြည်နယ်ဝန်ကြီးချုပ်က နှစ်သစ်ကူး ဆုတောင်းစကားပြောကြားကာ သက်ကြီးဘိုးဘွား များအား
ကန်တော့ကြပြီး မင်္ဂလာရေစင်ဖြင့် ပက်ဖျန်း ပူဇော်ကြသည်။
ဆက်လက်၍
ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က စစ်တွေမြို့ပေါ်ရှိ သက်ကြီးဘိုးဘွား ၆၉၀ အတွက်
အလှူငွေကျပ် ၃၄၅၀၀၀၀၀ လှူဒါန်းကြရာ စစ်တွေမြို့လုံးကျွတ်
ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက
လက်ခံရယူသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊
မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲ ကျင်းပရေးကော်မတီဝင်များနှင့် အလှူရှင်၊ စေတနာရှင်များက
ဘိုးဘွားများအား အလှူငွေနှင့် ဆေးဝါးများ၊ လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြရာ
အပူဇော်ခံ ဘိုးဘွားများကိုယ်စား အဘွားတစ်ဦးက ဆုတောင်း မေတ္တာပို့စကား ပြောကြားသည်။
ယင်းနောက်
စစ်တွေမြို့ပေါ်ရပ်ကွက်များနှင့် မောင်နီပြင်ကျေးရွာတို့တွင် ရပ်ကွက်နေပြည်သူများနှင့်
ကျေးရွာသူ ကျေးရွာသားများအား ပြည်နယ် အစိုးရအဖွဲ့၏အစီအစဉ်ဖြင့်
စတုဒိသာကျွေးမွေးနေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ
မှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
No comments