မြစ်ကြီးနားမြို့ပေါ်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်များတွင် သင်္ကြန်ချစ်သူများဖြင့် အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ
မြစ်ကြီးနား ဧပြီ
၁၅
ကချင်ပြည်နယ်မြို့တော်
မြစ်ကြီးနားမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်
အကြတ်နေ့တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန် ပွဲတော်ကျင်းပသည့် နေရာများနှင့်
မြို့ပေါ်ရပ်ကွက်များ၊ ပန်းခြံများတွင် လှည့်လည်သွားလာသူများ၊ ရေပက်ခံထွက်သူများ၊
ရေကစား သူများဖြင့် ယခင်နေ့များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
အဆိုပါ
သင်္ကြန်ပွဲတော်တွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် ဗဟိုမဏ္ဍ့ပ်တည်ရှိရာ
လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် အထူးစည်ကားလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်
ဦးခက်ထိန် နန်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊
ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊
ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်၍
သင်္ကြန်ချစ်သူများနှင့်အတူ ပျော်ရွှင်စွာ အတာရေသဘင်ကို ဆင်နွှဲကြသည်။
ထို့အတူ
လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း စတုဒိသာမဏ္ဍပ်များတွင် မြန်မာ့ရိုးရာအစားအစာများ
ဖြစ်သည့် လက်ဖက်၊ ထမင်းနဲ၊ မုန့်လုံးရေပေါ်စသည့် သင်္ကြန်အစားအစာများအား စတုဒိသာ
မဏ္ဍပ်များတွင် ဧည့်ခံကျွေးမွေးမှုများ၊ မြန်မာ့သနပ်ခါးမဏ္ဍပ်တို့တွင်
သနပ်ခါးလိမ်းခြယ်ပေးခြင်း၊ ရေပက်ကစားခြင်းတို့အပြင် ဗဟိုမဏ္ဍပ်မှ ခေတ်ပေါ်တေးဂီတများဖြင့်
ဖျော်ဖြေမှုများ၊ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများဖြင့် ယမန်နေ့များထက်
အထူးစည်ကားလျက်ရှိသည့်အပြင် လမ်းလျှောက် သင်္ကြန်ပွဲတော်များ ကျင်းပလျက်ရှိသည့်
မင်းရပ်ပြည်သူ့အားကစားကွင်းအတွင်းရှိ လမ်းလျှောက် သင်္ကြန်နှင့်
ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းအတွင်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်များတွင်လည်း
ခေတ်ပေါ်တေးဂီတဖျော်ဖြေမှုများ၊ လာရောက်လည်ပတ်ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ပြည်နယ်(ပြန်/ဆက်)
No comments