ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ဟော်မုဇ်ရေလက်ကြား ဖွင့်လှစ်ကြောင်း အီရန်၏ ကြေညာချက်ကို ကြိုဆို



ပါရီ ဧပြီ ၁၈

 

ပါရီမြို့တော်၌ ကျင်းပသည့် ရေလမ်းကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရန် ရည်ရွယ်သည့် အွန်လိုင်းကွန်ဖရင့်တစ်ခု၌ ဟော်မုဇ်ရေလက်ကြား ဖွင့်လှစ်ကြောင်း အီရန်၏ ကြေညာချက်ကို ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ကြိုဆိုခဲ့ကြသည်။

 

အဆိုပါအစည်းအဝေးသို့ နိုင်ငံပေါင်း ၅၀ နှင့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီ၊ ဂျာမနီအဓိပတိ ဖရက်ဒရစ်ချ်မာ့ဇ်၊ ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဗြိတိန် ဝန်ကြီးချုပ် ကီယာစတားမာတို့က လူကိုယ်တိုင်တက်ရောက်ခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် ခေါင်းဆောင်များက သဘောထားမှတ်ချက်များ ဖတ်ကြားခဲ့သည်။ ပြင်သစ် သမ္မတ မက်ခရွန်က အီရန်၏ ဆုံးဖြတ်ချက်သည် လမ်းကြောင်းမှန်သို့ ရောက်ရှိသည့် ခြေလှမ်းတစ်ခုအဖြစ် ဖော်ပြခဲ့သည်။

 

ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းခြွင်းချက်မရှိ အပြည့်အဝပြန်ဖွင့်ပေးမှုကို ကြိုဆိုပါကြောင်းနှင့် လွတ်လပ်သည့် ဖြတ်သန်းသွားလာခွင့်ရရှိရန်နှင့် ပင်လယ်ပြင်ဥပဒေကို အပြည့်အဝ လေးစားလိုက်နာရန် တောင်းဆိုပါကြောင်း အစည်းအဝေးတက်ရောက်လာသူများက ပြောကြားသည်။

 

၎င်းတို့သည် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အကာအကွယ်ပေးမည့် အစီအစဉ်များကို အရှိန်မြှင့်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာက ပြောကြားခဲ့သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.