ပါကစ္စတန်နိုင်ငံရောက် အာဖဂန်ဒုက္ခသည် ၆၀၀၀ ကျော် တစ်ရက်အတွင်း နေရပ်ပြန်လာ



ကဘူးလ်  ဧပြီ  ၂၀

ဧပြီ   ၁၉  ရက်    တစ်ရက်အတွင်း  အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှ အာဖဂန်ဒုက္ခသည် ၆၁၄၈ ဦးထက် မနည်း မူရင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း နေရပ်ပြန်များ၏  ပြဿနာများဖြေရှင်းရေး ဆိုင်ရာ အာဖဂန်နစ္စတန်၏ မဟာမင်းကြီးရုံးက ဧပြီ ၂၀ ရက် တွင် ပြောကြားသည်။

နေရပ်ပြန်သူများသည်  အရှေ့ပိုင်း နန်ဂါဟာ ပြည်နယ်အတွင်းရှိ    တော့ခ်ခမ်းနယ်စပ်ဖြတ်ကျော် နေရာနှင့် တောင်ပိုင်း ကန်ဒါဟာပြည်နယ်အတွင်းရှိ ဘော်ဒါ့ခ်နယ်စပ်ဖြတ်ကျော်နေရာတို့မှ    တစ်ဆင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာနေရာများသို့       ရောက်ရှိချိန်တွင် လိုအပ်သော  အစိုးရအကူအညီများ အားလုံးကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့တွင် အိမ်နီးချင်း အီရန်နိုင်ငံမှ အာဖဂန်ဒုက္ခသည် ၄၇၁ ဦးမှာလည်း နေရပ်ပြန် လာခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွင်း  အာဖဂန်ဒုက္ခသည် ၂ ဒသမ ၈ သန်းခန့် နေရပ်ပြန် လာခဲ့ကြောင်း အချက်အလက်များအရ သိရသည်။        

ဆင်ဟွာ

No comments

Powered by Blogger.