ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးအတွက် ကိုယ်စားလှယ်လောင်းများက မူဝါဒများ စတင်မိတ်ဆက်



ဂျီနီဗာ   ဧပြီ   ၂၂

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးအတွက် ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း လေးဦးသည် ၎င်းတို့၏ မူဝါဒများကို စတင်မိတ်ဆက်ခဲ့ကြသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များရှေ့မှောက်တွင် ပြုလုပ်သည့် မူဝါဒမိတ်ဆက် ကြားနာပွဲကို ဧပြီ ၂၁ ရက်က ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည်။

လက်ရှိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်၏ ရာထူးသက်တမ်းသည် ယခုနှစ်ကုန်ပိုင်းတွင် ကုန်ဆုံးမည်ဖြစ်သည်။

၎င်း၏နေရာကိုအစားထိုးရန် ယှဉ်ပြိုင်သူတစ်ဦးဖြစ်သော ချီလီသမ္မတဟောင်း မီရှယ်လ် ဘက်ချလက်က “ကမ္ဘာကြီးနှင့် နိုင်ငံတကာဥပဒေအပေါ် အခြေခံထားသည့်စနစ်သည် မကြုံစဖူး ဖိစီးမှုများနှင့် ရင်ဆိုင်နေရ သည်” ဟုပြောကြားခဲ့ပြီး လူသားဂုဏ်သိက္ခာသည် ကုလသမဂ္ဂ၏ဆောင်ရွက်ချက်များအနက် အဓိက အခန်း ကဏ္ဍ၌ရှိနေသင့်ကြောင်း    ဆက်လက်ပြောကြားခဲ့သည်။

ယှဉ်ပြိုင်သူတစ်ဦးဖြစ်သည့် ရာဖဲလ် ဂရော့ဆီကလည်း  “ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ရွေးချယ် ရေးသည်  အဖွဲ့အစည်း၏ယုံကြည်မှုအပေါ် သံသယများတိုးပွားနေသည့်အချိန်တွင် အချိန်ကိုက်ဖြစ်ပေါ် လာခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။

အခြားယှဉ်ပြိုင်သူများမှာ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံ (UNCTAD) ၏ အထွေထွေ အတွင်းရေးမှူး ရေဘက်ကာ ဂရင်စပန်နှင့် ဆီနီဂေါ သမ္မတဟောင်း မက်ကီဆဲလ်တို့ ဖြစ်ကြသည်။ ၎င်းတို့ သည် ဧပြီ ၂၂ ရက်တွင်ပြုလုပ်မည့် ကြားနာပွဲတွင် ပါဝင်မည်ဖြစ်သည်။                   

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.