ကွမ်းခြံကုန်းမြို့နယ် ဆီဆိုင်များ၌ စုံ/မရက် ဖြန့်ဖြူးရောင်းချမှုများ စစ်ဆေး
ကွမ်းခြံကုန်း ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်
စက်သုံးဆီ ခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/QR Code ဖြင့် စုံ/ မယာဉ်များအား
နေ့အလိုက် စက်သုံးဆီ ရောင်းချနေမှုများကို ယမန်နေ့နံနက်ပိုင်းက Winner ဆီဆိုင်၊ U
P ဆီဆိုင်၊ APEX စက်သုံးဆီ အရောင်းဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ပူးပေါင်းစစ်ဆေး
ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီရောင်းချနေမှုများ
ဆီလှောင်ကန်များတွင် စက်သုံးဆီကျန်ရှိမှု အခြေအနေနှင့် စက်သုံးဆီ ရောက်ရှိ/ဖြန့်ဖြူမှုအား
ညွှန်ကြားချက်များအတိုင်း စနစ်တကျ ဆောင်ရွက်စေရေး၊ သတ်မှတ် ရည်ညွှန်းဈေးနှုန်းအတိုင်း
ရောင်းချစေရေး၊ ယာဉ်ကြော ပိတ်ဆို့မှုမရှိစေရေး၊ သိုလှောင်ရန်အတွက် ဝယ်ယူခြင်းများရှိပါက
ရောင်းချမှု မရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်
ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ
တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းတို့ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments