နေပြည်တော်ကောင်စီဥက္ကဋ္ဌ မဟာသင်္ကြန်အကြတ်နေ့တွင် နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရှိ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပနေမှု ကြည့်ရှုအားပေး
နေပြည်တော် ဧပြီ ၁၅
မြန်မာ့ရိုးရာယဉ်ကျေးမှု
အစဉ်အလာကို ထိန်းသိမ်းရန်၊ နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့်
ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှု ပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် နေပြည်တော်
အတွင်းရှိ မြို့နယ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ စတင်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု
ဗဟိုမဏ္ဍပ်များ၊ လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်နှင့် စတုဒိသာ ကျွေးမွေးခြင်းများကို
ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့၌
မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ သင်္ကြန်ပွဲတော်ကျင်းပနေမှုကို
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများက ကြည့်ရှု
အားပေးသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု
လမ်းလျှောက်မဟာ သင်္ကြန်ပွဲတော်တွင် အေးချမ်းကြည်နူးစွာဖြင့် တစ်ဦးနှင့်တစ်ဦး
သပြေခက်ဖြင့် ရေပက်ခြင်း၊ ရေလောင်းခြင်း၊ စတုဒိသာအကျွေးအမွေးများ၊ မြန်မာ့ရိုးရာ
သနပ်ခါး သရုပ်ပြလိမ်းခြယ်ခြင်းများကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ
မြန်မာ့ရိုးရာ အတာရေ သဘင်ပွဲကျင်းပနေမှုကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ
ဦးကံမြင့်သန်းနှင့်ဇနီး၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊
ဌာနဆိုင်ရာတာဝန်ရှိသူ များက သွားရောက် ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍
ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့၏ ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ယိမ်းအဖွဲ့ များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
နေပြည်တော်အတွင်းရှိ ကျန်ရှိသည့်မြို့နယ်များတွင်လည်း မဟာသင်္ကြန်ပွဲတော်ကို အလားတူ
အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)
No comments