(၉)ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ပို့ကုန်ပြပွဲတွင် ကမ္ဘောဒီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများဝင်ရောက်ပြသမည်

 



ဖနောင်ပင် ဧပြီ ၂၁


တရုတ်နိုင်ငံ ရှန်ဟိုင်း၌ နိုဝင်ဘာလတွင် ကျင်းပမည့် (၉)ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ပို့ကုန် ပြပွဲတွင် ကမ္ဘောဒီးယားနိုင်ငံမှ စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်ပြသရေးအတွက် ကမ္ဘောဒီးယားက ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်တွင် ပြောကြားသည်။


ယင်းပြပွဲသည် တရုတ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အရေးပါသည့် အခမ်းအနားဖြစ်ပြီး ပြပွဲတွင် ဝင်ရောက်ပြသသည့် နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အတွက် အရေးကြီးသည့် စီးပွားရေး စင်္ကြံအဖြစ် ရပ်တည်နေကြောင်း ၎င်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။ အဆိုပါ ပြပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများမှ ပြခန်းများ ဝင်ရောက်ပြသမည်ဖြစ်ပြီး ဆေးဝါး ထုတ်ကုန်များ၊ မော်တော်ယာဉ်များ၊ စက်မှုလုပ်ငန်းသုံး ကိရိယာများ၊ လူသုံးကုန်ပစ္စည်းများနှင့် စိုက်ပျိုး ရေးထုတ်ကုန်များကို ခင်းကျင်း ပြသမည်ဖြစ်ကြောင်း သိရသည်။


ယင်းပြပွဲ၏ နောက်ဆက်တွဲ အဖြစ် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ကျင်းပမည်ဟု သိရသည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၎င်းပြပွဲတွင် နှစ်စဉ်ဝင်ရောက်ပြသခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပန်ဆို ဗီချက်က ပြောကြားသည်။


အဆိုပါပြပွဲကို ကျင်းပခြင်းဖြင့် နိုင်ငံတကာမှ လုပ်ငန်းများအနေဖြင့် မိမိတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို တရုတ်နိုင်ငံသားများထံသို့ မိတ်ဆက်နိုင်မည့် အခွင့်အရေးရှိကြောင်း ၎င်းကပြောကြားသည်။


ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.