အနာဂတ်လေယာဉ်မှူးများအတွက် Cadet Pilot Program ကို MAI နှင့် အင်ဒိုနီးရှား Perkasa Flight School တို့ ပူးပေါင်းဖွင့်လှစ်မည်
ရန်ကုန် ဧပြီ ၁၉
လေကြောင်းလုပ်ငန်းကို စိတ်ဝင်စားပြီး
လေယာဉ်မှူး တစ်ယောက်ဖြစ်ချင်သည့် အိပ်မက်ကို အကောင်အထည်ဖော်လိုသူများအတွက် ရည်ရွယ်၍
အနာဂတ် လေယာဉ်မှူးများအတွက် Cadet Pilot Program ကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း(MAI)နှင့်
အင်ဒိုနီးရှားနိုင်ငံမှ Perkasa Flight School တို့ ပူးပေါင်းဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း
MAI မှ သိရသည်။
အဆိုပါ Program တွင် Ground School
သင်တန်းများ၊ လက်တွေ့ Flight Training များနှင့် Simulator Training များကို ပေါင်းစပ်သင်ကြားပေးမည်ဖြစ်ပြီး
လေယာဉ်မှူးတစ်ယောက်အဖြစ် ရပ်တည်နိုင်ရန် လိုအပ်သော အသိပညာ၊ ကျွမ်းကျင်မှုနှင့် စည်းမျဉ်းစည်းကမ်းများကို
အပြည့်အဝရရှိနိုင်မည်ဖြစ်သည်။
ယင်း Cadet Pilot Program တွင် နည်းစနစ်ကျသော
လေယာဉ်မှူး လေ့ကျင့်ရေး အစီအစဉ်၊ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်း၊ လေယာဉ်မှူး
တစ်ယောက်အဖြစ်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးတို့ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်
Program ကာလအတွင်း စွမ်းဆောင်ရည်ကောင်းမွန်သော သင်တန်းသားများအား MAI ၏ သတ်မှတ်ထားသော
အလုပ်ခန့်အပ်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လေယာဉ်မှူးအဖြစ် ခန့်အပ်ရာတွင်
ဦးစားပေးစဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုထက်

No comments