ပြင်ဦးလွင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးပညာပေးသင်တန်းဖွင့်လှစ်
ပြင်ဦးလွင် မေ ၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင်
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများ လည်ချောင်းကွဲရောဂါကာကွယ်ဆေးထိုးခြင်းနှင့်
အသိပညာပေး ဟောပြောခြင်းကို ဧပြီ ၂၈ ရက်မှစ၍ ဆောင်ရွက်လျက်ရှိပြီး မွေးမြူရေး ပညာပေးသင်တန်းကို
မေ ၆ ရက်မှ ၈ ရက်အထိ တောင်သူ ၂၀ အား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်
ဖွင့်လှစ်သင်ကြားပေးသည်။
ကွင်းဆင်းဆောင်ရွက်
မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနန်းနှင့် ဝန်ထမ်းများက ရက် (၁၀၀)စီမံချက်ဖြင့် အင်းယားကျေးရွာအုပ်စု၊
ကုန်းသာကြီးကျေးရွာအုပ်စု၊ သင်္ဂတုံကျေးရွာအုပ်စုနှင့် စိုးမိုးအိုင်ကျေးရွာအုပ်စုရှိ
တောင်သူတို့၏ ကျွဲ ၁၇ ကောင်နှင့် နွား ၃၅၃ ကောင် စုစုပေါင်းကောင်ရေ ၃၇၀ တို့အား လည်ချောင်းကွဲရောဂါကာကွယ်ဆေး
ထိုးနှံပေးခြင်း၊ တောင်သူခုနစ်ဦး၏ နို့စားနွား ခုနစ်ကောင်အား မေထုန်မဲ့ သားစပ်ပေးခြင်းနှင့်
ပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများသို့ ဆက်လက်ကွင်းဆင်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments