ငပုတောမြို့နယ်ရှိ တွင်းတိမ်တူးဖော်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
ငပုတော မေ ၆
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ငပုတောမြို့နယ် ဂျမ်းကပ်ကျေးရွာ တွင်းတိမ်တူးဖော်ခြင်းနှင့်
ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်များ၊
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကျေးရွာရပ်ဖိရပ်ဖများက
ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ ဂျမ်းကပ်ကျေးရွာရှိ တွင်းတိမ်တူးဖော်ခြင်းနှင့်
ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းသည် ငပုတောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် သန်း ၆၀ ဖြင့် ဆောင်ရွက်သည့်
လုပ်ငန်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ
အလေးထားဆောင်ရွက်သွားနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments