AI ဖွံ့ဖြိုးတိုးတက်မှုအရှိန် ထိန်းညှိပေးနိုင်ရေး အမေရိကန်အစိုးရကို တောင်းဆို



ဝါရှင်တန်  ဇူလိုင်  ၂၉

အမေရိကန်နိုင်ငံရှိ  AI  ကုမ္ပဏီများမှ  အမှုဆောင်အရာရှိများနှင့် ဝန်ထမ်း ၁၁၀၀ ကျော်က AI နည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ အရှိန်ကို   ထိန်းညှိနိုင်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု များကို အမေရိကန်အစိုးရက  ပံ့ပိုးပေးရန် တောင်းဆိုသည့်  ကြေညာချက်တစ်စောင်ကို ထုတ်ပြန် သည်။

AI လုပ်ငန်းနယ်ပယ်မှ အရေးပါသော ခေါင်းဆောင်များက ယင်းကြေညာချက်ကို ထောက်ခံ လက်မှတ်ရေးထိုးခဲ့ကြပြီး လက်မှတ်ရေးထိုးသူများတွင်  Anthropic  ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဒါရီယို အမိုဒေးအပြင် OpenAI၊ Meta နှင့် Google  ကုမ္ပဏီများမှ အမှုဆောင်အရာရှိ များလည်း ပါဝင်သည်။

ကြေညာချက်တွင်  ကမ္ဘာ့ထိပ်တန်း  AI ကုမ္ပဏီများအနေဖြင့် AI သုတေသနသည် AI ကိုယ်တိုင် အလိုအလျောက်     ဆက်လက်သုတေသနပြုနိုင်သည့်အဆင့်သို့ ရောက်ရှိလာနိုင်သည်ဟု ယုံကြည် ကြောင်း ဖော်ပြထားသည်။

ထို့ပြင်  AI ၏ စွမ်းရည်များသည် အလွန်လျင်မြန်စွာတိုးတက်လာနေပြီး နောက်ဆုံးတွင်  လူသား များ၏ နားလည်နိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းကို ကျော်လွန်သွားနိုင်သည့် အန္တရာယ်များရှိလာနိုင် ကြောင်းလည်း ဖော်ပြထားသည်။          

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.