အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာ သင်တန်းဖွင့်

 


ရမည်းသင်း ဇူလိုင် ၂၉

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်တွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးက ဖွင့်လှစ်သည့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာ သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၈ရက် နံနက်ပိုင်းက ရွှေဒါးသာစည်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က အမှာစကား ပြောကြားပြီး ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထိုက်တန်းက သင်တန်းဖွင့်လှစ်သင်ကြားပို့ချရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ယင်းသင်တန်းသို့ သင်တန်းသား ၁၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တခြောက်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အေးခိုင်(ပြန်/ဆက်)

No comments

Powered by Blogger.