ဒေါပုံမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်
ဒေါပုံ ဇူလိုင် ၂၉
ဗိုလ်တထောင်ခရိုင် ဒေါပုံမြို့နယ်တွင် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းနှင့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဇူလိုင် ၂၇ ရက်က အမှတ်(၇) အခြေခံပညာ မူလတန်းကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမျိုးခိုင် နှင့် ဝန်ထမ်းများက တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက် နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးနှင့် အဖွဲ့ဝင်များ၏ ပူးပေါင်းမှုဖြင့် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း၊ ကျောင်း ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများဖြစ်သည့် အစာမစားမီ လက်ဆေးခြင်း၊ သွားတိုက်ခြင်း တို့ကို လက်တွေ့သရုပ်ပြခြင်း၊ ပဏာမ မျက်စိစောင့်ရှောက်မှုပေးခြင်းနှင့် KG ကျောင်းသား ကျောင်းသူများအား ပေါင်ချိန်ခြင်း၊ အရပ်တိုင်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)

No comments