ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အသက် ၁၁၈ နှစ်ရှိ အဘွား ဒေါ်ဖာတမာအား သွားရောက်ဂါရဝပြုတွေ့ဆုံ

 



တောင်ငူ ဇူလိုင် ၂၉


ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြို့လှမြို့ အမှတ် (၅) ရပ်ကွက်၌ နေထိုင်လျက်ရှိသော အသက် ၁၁၈ နှစ်ရှိ အဘွား ဒေါ်ဖာတမာအား ဇူလိုင် ၂၈ ရက်နံနက်ပိုင်းက သွားရောက်ဂါရဝပြုတွေ့ဆုံပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


အဆိုပါ အဘွား ဒေါ်ဖာတမာ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် သက်သေခံကတ်ပြားတို့တွင် မှတ်တမ်းတင်ထားသည့် မွေးသက္ကရာဇ်မှာ ၂၃-၂-၁၉၀၉ ရက်ဖြစ်ပြီး အဘ ဦးနဘာအာလီနှင့် မိခင်ဒေါ်အမာတို့က ရေတာရှည်မြို့နယ် သာဂရမြို့ ငါးခုံးမချောင်းကျေးရွာ၌ မွေးဖွားပေးခဲ့ကြသည်။


အဘွားဒေါ်ဖာတမာအား ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် အသက် ၁၀၀ ပြည့်ကြောင်း ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို နိုင်ငံတော်သမ္မတက (၂၃-၇-၂၀၁၅) ရက်တွင် ပေးအပ်ခဲ့ပြီးဖြစ်ကာ ယခုအခါ ရေတာရှည်မြို့နယ် မြို့လှမြို့ ချောင်းမကြီး (၂) ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မြေး ၄၈ ဦး၊ မြစ် ၈၄ ဦး၊ တီ ၁၈ ဦးရှိသည်။


၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မြေပြင်စာရင်းများအရ တောင်ငူခရိုင်အတွင်း၌ အသက် ၁၀၀ နှစ်နှင့်အထက် ဘိုးဘွားဦးရေ ၅၉ ဦးရှိခဲ့ရာမှ ၂၀၂၆ ခုနှစ် ဇွန်လတွင် တောင်ငူခရိုင်အတွင်း အသက် ၁၀၀ နှစ်နှင့်အထက် ဘိုးဘွား ၄၂ ဦးရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.