ဇလွန်မြို့နယ်အတွင်း ဆေးဆိုင်များနှင့် စားအုန်းဆီဆိုင်များ ကွင်းဆင်းစစ်ဆေး
ဇလွန် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်
စားသုံးသူရေးရာဦးစီးဌာနက ပူးပေါင်းအဖွဲ့ဖြင့် ဇလွန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များနှင့်
စားအုန်းဆီဆိုင်များအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန
မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား စျေးနှုန်းမြှင့်တင်ရောင်းချခြင်း
ရှိ၊ မရှိ၊ စားအုန်းဆီဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချမှု ရှိ၊ မရှိ၊
အလေးချိန်မှန်ကန်မှု ရှိ၊ မရှိ ရရှိသောဆီပိဿာများကို ပြည်သူများထံ အမှန်တကယ်ရောင်းချခြင်း
ရှိ၊ မရှိတို့ကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇလွန်(ပြန်/ဆက်)

No comments