မလေးရှားခရီးသွားနှစ်အတွင်း တရုတ်ခရီးသွားများ မလေးရှားနိုင်ငံအတွင်း စံချိန်တင်ဝင်ရောက်



ကွာလာလမ်ပူ     ဇူလိုင်     ၂၉

၂၀၂၆ မလေးရှားခရီးသွားနှစ်ဆိုင်ရာ မူဝါဒများအရ တရုတ်ခရီးသွားများမလေးရှားနိုင်ငံတွင်းသို့ စံချိန်တင်ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းအား အောင်မြင်စွာဆောင်ရွက်ခဲ့ကြောင်း မလေးရှား တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မလေးရှားနိုင်ငံသည် အာဆီယံဒေသတွင်း ထင်ရှားသည့် ခရီးသွားနေရာတစ်ခုဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သဖြင့် ယခုနှစ်နွေရာသီအားလပ်ရက်များအတွင်း တရုတ်ခရီးသွားများ နိုင်ငံအတွင်း သို့ ရောက်ရှိလာခဲ့ကြောင်း မလေးရှားခရီးသွားလုပ်ငန်းဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် လီထိုင်ဟန်းက ပြောကြားသည်။ တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကြားခရီးသွားလုပ်ငန်းဆိုင်ရာ အပြန် အလှန်ဖလှယ်မှုများဆောင်ရွက်ခဲ့ပြီး လက်ရှိချမှတ်ထားသည့်မူဝါဒများအရ လက်ဆုပ် လက်ကိုင်ပြနိုင်သည့်   အောင်မြင်မှုများရရှိခဲ့ကြောင်းနှင့်   နှစ်နိုင်ငံ ခေါင်းဆောင်များချမှတ်ခဲ့သည့် ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုသည့်မူဝါဒကြောင့်လည်း အပြုသဘောဆောင်သည့်   အကျိုးကျေးဇူးများရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။                   

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.