ငလျင်အကြောင်း ပိုမိုသိရှိပြီး အရေးပေါ်အခြေအနေတွင် မှန်ကန်စွာတုံ့ပြန်နိုင်ရန် လက်တွေ့လေ့ကျင့်သင်ယူနိုင်မည့် Earthquake Bootcamp 2026 ကျင်းပမည်

 


ရန်ကုန် ဇူလိုင် ၂၉

 

ငလျင်အကြောင်း ပိုမိုသိရှိပြီး အရေးပေါ်အခြေအနေတွင် မှန်ကန်စွာတုံ့ပြန်နိုင်ရန် လက်တွေ့လေ့ကျင့် သင်ယူနိုင်မည့် Earthquake Bootcamp 2026 ကို ဩဂုတ်လတွင် မြန်မာနိုင်ငံ ငလျင်ကော်မတီက ဦးစီးကျင်းပသွားမည် ဖြစ်သည်။

 

Earthquake Bootcamp 2026 ကို ဩဂုတ် ၈ ရက်၊ ၁၅ ရက်၊ ၂၂ ရက်နှင့်၂၉ ရက်တို့တွင်မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်သည်။

 

လက်တွေ့လေ့ကျင့်သင်ယူနိုင်

မြန်မာနိုင်ငံ ငလျင်ကော်မတီက ဦးစီးကျင်းပသည့် Bootcamp အတွင်း ငလျင်ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အခြေခံအသိပညာများကို လက်တွေ့လေ့ကျင့် သင်ယူနိုင်မည်ဖြစ်ပြီး ငလျင်မတိုင်မီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်သင့်သည့် အရေးပေါ် ပြင်ဆင်မှုများနှင့် လုံခြုံရေးနည်းလမ်းများကို လက်တွေ့ လေ့ကျင့်သင်ယူနိုင်မည်ဖြစ်သည်။

 

မြေငလျင်အသိပညာ၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားသူများနှင့် ကျွမ်းကျင်ပညာရှင်များနှင့် အပြန်အလှန်ဆွေးနွေး၍ သင်ယူလိုသူများ အသက်အရွယ်အကန့်အသတ်မရှိ လျှောက်ထားနိုင်ပြီး ယခင်အတွေ့အကြုံရှိရန် မလိုအပ်ကြောင်း သိရသည်။ ငလျင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ၊ ကြိုတင်ပြင်ဆင်နိုင်မှုနှင့် တုံ့ပြန်ဆောင်ရွက်နိုင်မှု စွမ်းရည်များကို မြှင့်တင်လိုသူ လူငယ်များအတွက် Earthquake Bootcamp 2026 သို့ ပါဝင်ရန် ဖိတ်ခေါ်ထားပြီး စိတ်ဝင်စားသူ လူငယ်များအားလုံး (https://forms.gle/deo 4vo3w8Xtd C8Em6) registra-tion link တွင် စာရင်းပေးနိုင်ကြောင်း သိရသည်။

အမ်တီ

No comments

Powered by Blogger.