ဂျပန်နိုင်ငံရှိ အေရွန်ဈေးဝယ်စင်တာတွင် ငလျင်လှုပ်ခတ်ပြီး ပေါက်ကွဲမှုဖြစ်



တိုကျို    ဇူလိုင်    ၂၉

ဂျပန်နိုင်ငံ     ကူမာမိုတိုစီရင်စု ကာရှီမာမြို့ရှိ     အေရွန်ဈေးဝယ် စင်တာတွင် ပြင်းအား မဂ္ဂနီကျု     ဒသမ ၁  အဆင့်ရှိ  ငလျင်လှုပ်ခတ်အပြီး   ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း မီးနှင့် သဘာဝဘေးစီမံခန့်ခွဲရေး အေဂျင်စီက   ဇူလိုင် ၂၉ ရက်တွင် ပြောကြားသည်။

ပေါက်ကွဲမှုကြောင့်   အဆိုပါ ဈေးဝယ်စင်တာ ဒုတိယထပ်ပြိုကျခဲ့သည်။   အဆိုပါပေါက်ကွဲမှုတွင်   ဈေးဝယ်စင်တာအတွင်းရှိ ဒေသခံသုံးဦးသေဆုံးပြီး  အများအပြားပိတ်မိနေကြောင်း   ဝန်ကြီးချုပ်     တာကာချီဆာနေးက ပြောကြားသည်။

ထို့ပြင် ငလျင်လှုပ်ခတ်မှုကြောင့် ၁၃ ဦး သေဆုံးကြောင်း ဝန်ကြီးချုပ် တာကာချီဆာနေးက ပြောကြားသည်။

ဈေးဝယ်သူများ၊ ဆိုင်လုပ်သားများနှင့် အခြားသူများ စုစုပေါင်း၂၀၀ အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပြီးသည့်အချိန်တွင်  ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။  အဆိုပါ ငလျင်လှုပ်ခတ်မှုအတွင်းဗီယက်နမ် နိုင်ငံသားတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း  ဂျပန်နိုင်ငံရှိ    ဗီယက်နမ်သံရုံး၏  အလုပ်သမားစီမံခန့်ခွဲမှု ဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍   ဗီယက်နမ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။

သေဆုံးသူသည်    ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ကူမာမိုတိုစီရင်စု ရှိ    ကူမာမိုတို   ဟီတိုဇူကူရီ   သမ ဝါယမ၏ နည်းပညာဆိုင်ရာ အလုပ်သင်  သင်တန်းအစီအစဉ်အရ ဂျပန်နိုင်ငံသို့  ရောက်ရှိလာခဲ့ သည်။ ၎င်းသည် ငလျင်လှုပ်ခတ်မှုအတွင်း ပြိုကျခဲ့သည့်  ကရိန်းအောက်တွင် ပိတ်မိရာမှ သေဆုံး ခဲ့ခြင်းဖြစ်သည်။

နောက်ထပ်  ဖြစ်ရပ်တစ်ခုတွင် ကူမာမိုတိုစီရင်စု    ယူကီမြို့တွင် နေထိုင်သော ဗီယက်နမ်အမျိုးသမီး သည် ငလျင်လှုပ်ခတ်စဉ် ၎င်း၏ အိမ်နံရံပြိုကျမှုကြောင့်    ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.