သာပေါင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း လေပြင်းတိုက်ခတ်မှု့ကြောင့် နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ရ
သာပေါင်း ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ခေနန် ကျေးရွာအုပ်စုနှင့် ဇီးဖြူကွင်း ကျေးရွာအုပ်စုတို့၌ ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့၊ ညနေ ၆ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်း လေပြင်းတိုက်ခတ်မှု့ကြောင့် နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ရသည်။
ခေနန် ကျေးရွာအုပ်စု၊ ညောင်ကွင်း ကျေးရွာနေ ဒေါ်အေးသန်း နေထိုင်ရာ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း (၁၈'×၁၈'×၁၈') နေအိမ် နှင့် ဦးသောင်းဦးနှင့် အတူနေ အသက်(၁၈) အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး ပေါင်း(၃)ဦးတို့ နေထိုင်ရာ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း (၁၈'×၁၈'×၁၈') နေအိမ်တို့ မိုးသည်းထန်စွာရွာသွန်း လေပြင်းတိုက်ခတ်မှု့ကြောင့် သစ်လဲပြိုပိကာ ပြိုကျပျက်စီးခဲ့ရပြီး၊ ဇီးဖြူကွင်း ကျေးရွာအုပ်စု၊ ကွမ်းသီးခြံ ကျေးရွာနေ ဦးငဖားနှင့် အတူနေ အသက်(၁၈) အထက် အမျိုးသမီး(၁)ဦး ပေါင်း(၂)ဦးတို့ နေထိုင်ရာ ဓနိမိုး၊ ထရံကာ၊ ကြမ်းခင်း (၁၅'×၁၅'×၁၅') နေအိမ် မိုးသည်းထန်စွာ ရွာသွန်း လေပြင်းတိုက်ခတ်မှု့ကြောင့် ပြိုကျပျက်စီးခဲ့ရသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်း ၎င်းနေအိမ်တို့တွင် နေထိုင်သူများအား နီးစပ်ရာဆွေမျိုးများထံတွင် ပြောင်းရွေ့နေထိုင်နိုင်ရေး သက်ဆိုင်ရာကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေး အဖွဲ့များမှ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
သိန်းမြင့်မျိုးဦး သာပေါင်း ပြန်/ဆက်

No comments