တံတားဦးမြို့နယ်၌ ဒုတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေး
တံတားဦး ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်းမှ
အခြေခံပညာကျောင်းပေါင်း ၁၂၁ ကျောင်းတွင် ပညာသင်ယူနေသော KG တန်းမှ ကျောင်းသား ကျောင်းသူ ၂၀၁၀ အား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့်
အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းနေ့လယ်စာ ဒုတိယအကြိမ်
အာဟာရကျွေးမွေးမှုကို ယမန်နေ့နံနက်ပိုင်းက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့်
မြို့မအခြေခံပညာ အလယ်တန်းကျောင်းတို့၌ ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် တံတားဦးခရိုင်
စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊
တံတားဦးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက KGတန်းမှ ကျောင်းသား ကျောင်းသူများအား အာဟာရ
ကျွေးမွေးပြီး တံတားဦး အခြေခံ ပညာအထက်တန်းကျောင်းနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ရှိ
KG တန်းမှ ကျောင်းသား ကျောင်းသူများအား အာဟာရ ကျွေးမွေးခြင်းကို လှည့်လည် ကြည့်ရှုအားပေးကြကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments