၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကမ္ဘာတစ်ဝန်း ဝန်ထမ်း ၈၀၀၀ ခန့် BMW လျှော့ချမည်
ဘာလင် ဇူလိုင်
၂၉
ဂျာမနီနိုင်ငံ၏ ထိပ်တန်းမော်တော်ယာဉ်ထုတ်လုပ်ရေး
ကုမ္ပဏီဖြစ်သည့် BMW သည် ယခုနှစ် အောက်တိုဘာလမှစတင်၍ ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်းအင်အား ၈၀၀၀ ခန့်ကို လျှော့ချသွားမည်ဖြစ်ကြောင်း
ဂျာမနီသတင်းအေဂျင်စီ dpa က ဇူလိုင် ၂၈ ရက်တွင် ဖော်ပြ ခဲ့သည်။
ကုမ္ပဏီ၏ ပြန်လည်ဖွဲ့စည်းရေးအစီအစဉ်အတွက် ယူရိုတစ် ဘီလီယံခန့်ကို တစ်ကြိမ်တည်း ကုန်ကျမည်ဟု မျှော်မှန်းထားပြီး ယင်းကုန်ကျစရိတ်တွင် ဂျာမနီနိုင်ငံရှိ
ထုတ်လုပ်မှုမဟုတ်သည့် ဌာနများမှ ဝန်ထမ်းများကို
မိမိသဘောဆန္ဒအလျောက် အလုပ်မှထွက်ခွာပါက
ပေးအပ်မည့် လျော်ကြေးငွေများလည်း ပါဝင်ကြောင်းသိရသည်။
အဆိုပါအစီအစဉ်မှာ ဂျာမနီနိုင်ငံရှိ
ဝန်ထမ်းများအတွက်သာ အကျုံးဝင်မည်ဖြစ်ပြီး လျှော့ချမည့် ဝန်ထမ်းအရေအတွက်၏ ထက်ဝက်ကျော်မှာ
ဂျာမနီနိုင်ငံမှဖြစ်မည်ဟု ခန့်မှန်းထားသည်။
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ
BMW တွင် ကမ္ဘာတစ်ဝန်း ဝန်ထမ်းပေါင်း ၁၅၄၅၀၀
ခန့်ရှိသည်။ Volkswagen နှင့်
Mercedes-Benz တို့ကလည်း ဝန်ထမ်းအင်အားလျှော့ချမည့်
အစီအစဉ်များကို ကြေညာထားပြီးဖြစ်ရာ
BMW သည် ဂျာမနီ၏
အဓိကမော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီ များအနက် ဝန်ထမ်းလျှော့ချရန် ထုတ်ပြန်သည့်
နောက်ဆုံးကုမ္ပဏီဖြစ်လာခဲ့သည်။
ဆင်ဟွာ

No comments