Agri Tech Cambodia 2026 တွင် MFVP ပြခန်းဖွင့်လှစ်ပြသပြီး မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်များ နိုင်ငံတကာဈေးကွက်သို့ မိတ်ဆက်
ရန်ကုန် ဩဂုတ် ၂၇
ကမ္ဘောဒီးယားနိုင်ငံ
ဖနောင်ပင်မြို့၌ ဩဂုတ် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပလျက်ရှိသည့် Agri Tech Cambodia
2026 အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့် နည်းပညာပြပွဲတွင် မြန်မာနိုင်ငံသစ်သီးဝလံ၊
ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း (MFVP) က ပြခန်းဖွင့်လှစ်၍
အသင်းဝင်များ၏ တန်ဖိုးမြှင့်ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ မိတ်ဆက်ပြသလျက်ရှိကြောင်း
MFVP မှ သိရသည်။
အဆိုပါပြပွဲသို့
MFVP အသင်းက ပြခန်းတစ်ခန်း ပါဝင်ပြသထားကာ အသင်းဝင်များ၏တန်ဖိုးမြှင့် (Value-added)
ထုတ်ကုန်များကို နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝယ်ယူသူများနှင့် မိတ်ဆက်ပေးလျက်ရှိကြောင်း
သိရသည်။
ယခုကဲ့သို့ နိုင်ငံတကာကုန်စည်ပြပွဲတွင်
ပါဝင်ပြသခြင်းသည် မြန်မာနိုင်ငံမှတောင်သူများနှင့် အသင်းဝင်များ၏ထုတ်ကုန်များအတွက်
နိုင်ငံတကာ ဈေးကွက်လမ်းကြောင်းသစ်များ ပွင့်လင်းလာစေရန်၊ နိုင်ငံတကာကုမ္ပဏီများနှင့်
တိုက်ရိုက်ချိတ်ဆက်နိုင်ရန်နှင့် စိုက်ပျိုးရေးနည်းပညာနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များရရှိနိုင်ရန်
ရည်ရွယ်ကြောင်း သိရသည်။
ထို့ပြင်အသင်းဝင်များ၏
ထုတ်ကုန်အမှတ်တံဆိပ် (Brand Value) မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ နိုင်ငံတကာကုန်စည်ပြပွဲများတွင်
အသင်းမှ တက်ကြွစွာဆောင်ရွက်လျက်ရှိကြောင်း MFVP မှ သိရသည်။ ဆက်လက်၍ နိုင်ငံတကာဈေးကွက်တွင်
ပိုမိုယှဉ်ပြိုင်နိုင်ရေးအတွက် နိုင်ငံတကာကုန်စည်ပြပွဲများ၌ ဆက်လက်ပါဝင်ပြသသွားရန်
MFVP က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MT

No comments