ပေါက်ခေါင်းမြို့နယ်၌ မိုးစပါး (၄၅၂၅၁) ဧကစိုက်ပျိုးပြီးစီး



ပေါက်ခေါင်း   ဩဂုတ်   ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူလယ် သမားများအနေဖြင့် တောင်နဝင်းရေလှောင်တမံကြီးကို အမှီပြုကာ စပါးသီးနှံကို အဓိကထားစိုက်ပျိုးကြပြီး ၂၀၂၆ ခုနှစ်  မိုးရာသီတွင်လည်း မိုးစပါးလျာထားဧက (၄၆၇၅၇) ဧကကိုစိုက်ပျိုးရန် လျာထားလျက်ရှိရာ  (၄၅၂၅၁) ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

ထို့အပြင် အခြားသီးနှံများဖြစ်သည့် မိုးမြေပဲ၊ မိုးဖူးစားပြောင်း၊ ပဲတီစိမ်း၊ ပဲပုတ်၊ ပဲစဥ်းငုံ၊ ဝါကြီး၊ မိုးနေကြာ၊ ငရုတ်စို စသည့်သီးနှံ တို့ကိုလည်း တချို့တဝက် စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး မိုးစပါးကို တောင်သူများ၏ လယ်မြေများတွင် လျာထားဧကပြည်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှ ကြီးကြပ်ဆောင်ရွက် လျက်ရှိပြီး လိုအပ်သည့်နည်းပညာနှင့် စိုက်ပျိုးရေးနည်းလမ်းကောင်းများကို ကူညီပံ့ပိုးပေးနေကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)

No comments

Powered by Blogger.