လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ ကျုံပျော်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ ရေကျဆင်းသွားသည့်နေရာများအား သန့်ရှင်းရေးဆောင်ရွက်
နေပြည်တော် ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင်
ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့်
ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုဖြစ်ပွားခဲ့ရာ
ယနေ့အထိ လေးမျက်နှာမြို့ မြို့ပေါ်ရပ်ကွက်ငါးခု၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ
၁၂၁ ရွာ၊ ဟင်္သာတမြို့နယ် ၃၇ ရွာ၊ ရေကြည်မြို့ပေါ် ရပ်ကွက်နှစ်ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ
၂၄ ရွာ၊ ရေကြည်မြို့နယ် ငသိုင်းချောင်းမြို့ မြို့ပေါ်ရပ်ကွက် နှစ်ခုနှင့် ကျုံပျော်မြို့
မြို့ပေါ်ရပ်ကွက် နှစ်ခု၊ ပတ်ဝန်းကျင်ကျေးရွာ ခုနစ်ရွာ စုစုပေါင်းမြို့ပေါ်ရပ်ကွက်
၁၁ ခုနှင့် ကျေးရွာ ၁၈၉ ရွာတို့သို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။
အရှိန်အဟုန်မြှင့်ဆောင်ရွက်
ထို့ကြောင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ
နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊
ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများစုပေါင်း၍ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ
ရေဘေးသင့် ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ
လိုက်လံပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
ငဝန်ပန်းတာမှ ရေဝင်လမ်း ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ငဝန်ပန်းတာ ရေဝင်လမ်းအား (Geobags)
အိတ်များချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်း၊ Steel
Sheet Pile ရိုက်သွင်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ရေပြန်လည်ကျဆင်းသွားသည့်နေရာများရှိ
စာသင်ကျောင်းများ၊ လမ်းများတွင် တင်ကျန်ခဲ့သည့် နုန်းမြေများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ
ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်နေမှုများကို အနောက်တောင်
တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
%20photos-18a.jpg)
No comments