တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ
ထားဝယ် ဩဂုတ် ၂၅
တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း ၁၁ ခုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်း ဝင်များက ပြန်လည်ဖြေကြားကြသည်။
ဆက်လက်၍ ရေဖြူမြို့နယ် ကိုယ်စားလှယ် အမှတ်(၂)ဦးမိုးကျော်သူက “မြိတ်မြို့နယ်တွင် ငါးပစ်ဂိမ်းလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်နေသည်ကို ဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း” အဆိုကို တိုင်းဒေသကြီးလွှတ်တော် သို့တင်သွင်းခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံ ခြင်း၊ ယင်းအဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် သင့်/မသင့် တိုင်းဒေသကြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းနှင့် ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးပို့နိုင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်း အဝေးပဉ္စမနေ့ကို ရပ်နားခဲ့ပြီး တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဩဂုတ် ၂၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments