ကြို့ပင်ကောက်မြို့နယ်၌ လူငယ်စကားဝိုင်း ကျင်းပ



ကြို့ပင်ကောက် ဩဂုတ် ၂၃


ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ZENITH ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး လေ့လာသိရှိထားသော ပညာရပ်များအား အချင်းချင်း ဆွေးနွေးဖလှယ်တတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။


ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအောင်၊ ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး စောမောင်ဗွေ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်စိုးစပယ်ဖြူတို့က ကျောင်းသား ကျောင်းသူများအား အမှာစကား ပြောကြား၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါက်တာထူးချစ်စုဝင်းက ကျေးဇူးတင်စကားပြောကြားသည်။


ဆက်လက်ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ ကျောင်းသား ကျောင်းသူများက လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူများက ပြန်လည် ဖြေကြား‌ပေးခဲ့သည်။


ထို့နောက် လူငယ်စကားဝိုင်တွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက လက်ဆောင် ပစ္စည်းများပေးအပ်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက သုတ၊ ရသစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.