နောင်ချိုမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော
နောင်ချို ဩဂုတ် ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ က အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲအုပ် ဟန်ထွန်းနိုင်က ယာဉ်မောင်းနှင်ရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ အထူးဂရုပြု မောင်းနှင်ကြရန်နှင့် ဆိုင်ကယ် စီးနင်း အသုံးပြုသူများအနေဖြင့်လည်း သိသင့်သိထိုက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေး ဟောပြောကာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments