အလိမ်အညာကြော်ငြာများနှင့်ပတ်သက်၍ မက်တာကုမ္ပဏီကို ယူရိုသန်း ၂၅၀ ဒဏ်ရိုက်ရန် အီးယူထံ ပိုလန်တောင်းဆို
ဝါဆော ဩဂုတ် ၂၇
နည်းပညာကုမ္ပဏီ မက်တာကို
ယူရိုသန်း ၂၅၀ ဒဏ်ရိုက်ရန်အတွက် ဥရောပကော်မရှင်ထံ တရားဝင်တောင်းဆိုထားကြောင်း ပိုလန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဒီဂျစ်တယ်ကိစ္စရပ်များဆိုင်ရာဝန်ကြီး
ခရစ်စတော့ဖ် ဂေါ့စကီးက ဩဂုတ် ၂၇ ရက်တွင် ပြောကြားသည်။
မက်တာကုမ္ပဏီက ပေးအပ်ထားသည့် အချက်အလက်များနှင့် အထောက်အထားများကို
သုံးသပ်ပြီးနောက် ယင်းကုမ္ပဏီ၏ မီဒီယာပလက်ဖောင်းများပေါ်တွင် အကြောင်းအရာများဖော်ပြရာ၌
လုံလောက်သည့်ထိန်းချုပ်မှုမရှိသည့်
သတင်းများအတွက်
အဆိုပါတောင်းဆိုချက်ကို တင်ပြခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒီဂျစ်တယ်ပလက်ဖောင်းများသည်
၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် အပြည့်အဝတာဝန်ရှိပြီး ပိုလန်နိုင်ငံသားများကို ထိခိုက်စေသည့်
အလိမ်အညာကြော်ငြာများနှင့် လိမ်လည်မှုဆိုင်ရာ အကြောင်းအရာများကို နှိမ်နင်းရာတွင် ထိရောက်မှုမရှိခြင်းမှာ
သည်းခံနိုင်ဖွယ်ရာမရှိကြောင်း ၎င်းက ပြောကြားသည်။
ဥရောပကော်မရှင်အနေဖြင့်
မက်တာကုမ္ပဏီကို ဒဏ်ကြေးချမှတ်ရန် လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် အလိမ်အညာကြော်ငြာများ၊ လိမ်လည်မှုဆိုင်ရာကြော်ငြာများနှင့် တရားမဝင်အက်ပလီကေးရှင်းများကို
ဖယ်ရှားနိုင်ရေးအတွက် ထိရောက်သည့်နည်းပညာများ အသုံးပြုရန်လည်း မက်တာကုမ္ပဏီကို တောင်းဆိုထားသည်။
ဆင်ဟွာ

No comments