မြောက်ဥက္ကလာပမြို့နယ်၌ မြတ်မင်္ဂလာရောင်းဝယ်ရေးသမဝါယမအသင်းနှစ်ပတ်လည် စည်းဝေး
ရန်ကုန် ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်အတွင်း သမဝါယမ အသင်းများမှ မြတ်မင်္ဂလာ ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်သီတာမွန်က ဝန်ကြီးဌာနနှင့် ဦးစီးဌာနမှ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အသင်း အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများကို ဒေါ်ဝင်းနေဖြိုးက ဖတ်ကြားတင်ပြပြီး အသင်းသားများ၏ အတည်ပြုချက်များ ရယူကာ အမှုဆောင် ရွေးချယ်ကြသည်။ အဆိုပါ အစည်းအဝေးသို့ အသင်းသား ၄၁ ဦး တက်ရောက်ကြပြီး အစုပေါ်အမြတ်နှင့် အသင်းသားများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)

No comments