မြိတ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

 



မြိတ် ဩဂုတ် ၂၇


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက လမင်းစီမံချက်ဖြင့် ယနေ့နံနက်ပိုင်းတွင် အမက(မြစ်ငယ်)၌ ကွင်းဆင်းဆောင်ရွက်သည်။


ထိုသို့ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက် အလက်ကောက်ယူခြင်း လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဇော်ထွန်းလင်းနှင့် ဝန်ထမ်းများက နေ့ချင်းပြီး ဆောင်ရွက်ပေး၍ ဆောင်ရွက်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး(ပြန်/ဆက်)

No comments

Powered by Blogger.