ပခုက္ကူတက္ကသိုလ်၌ ကာယအလှမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
ပခုက္ကူ ဩဂုတ် ၉
ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင် က ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်က ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။
ဆက်လက်၍ ကျောင်းသူ ၁၂ ဦးတို့က ကာယအလှမယ်ပြိုင်ပွဲ ယှဉ်ပြိုင်ရာ အကဲဖြတ်ဒိုင်အဖွဲ့က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ အမှတ်ပေးရွေးချယ်ကြပြီး ဆုရရှိသူ အလှမယ်များအား ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခေတ္တ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)

No comments