မုဒုံမြို့နယ်၌ မြတ်ပညာ ငွေစုငွေချေးသမဝါယမအသင်း ဂုဏ်ပြုဆုချီးမြှင့်




မုဒုံ   သြဂုတ်   ၉


မွန်ပြည်နယ် မုဒုံမြို့နယ် မြတ်ပညာ ငွေစုငွေချေးသမဝါယမ အသင်းလီမိတတ်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အသင်းသားများ၏ တက္ကသိုလ်ဝင်တန်းအောင် သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအသင်းရုံး၌ ကျင်းပသည်။


ဦးစွာ အသင်းဥက္ကဋ္ဌ ဦးမင်းသောင်းဟန်က အမှာစကား ပြောကြားပြီး အသင်းအတွင်းရေးမှူးက ပညာသင်ထောက်ပံ့ကြေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် သုံးဦး၊ ရိုးရိုးအောင်မြင်သူ ၁၃ ဦး စုစုပေါင်း ၂၀ အား ဂုဏ်ပြု မှတ်တမ်းနှင့် ပညာသင်ထောက်ပံ့ကြေးကို မုဒုံမြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိနှင့်  တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။


ရာမည(ပြန်/ဆက်)

No comments

Powered by Blogger.