နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ
နေပြည်တော် ဩဂုတ် ၂၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို
ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community
Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်း မျိုးစုံဖြင့် အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိ
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၇
ရက်မှ ၂၃ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ
တရားမဝင် ကျွန်း ၂၇ ဒသမ ၈၁၂၃ တန်၊ သစ်မာ သုည ဒသမ ၆၆၄၄ တန်၊ အခြား ၅ ဒသမ ၇၈၅၈ တန် စုစုပေါင်း
၃၄ ဒသမ ၂၆၂၅ တန်၊ ယာဉ်/ယန္တရား ခုနစ်စီးနှင့် တရားခံ ရှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်

No comments