ပြင်ဦးလွင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်
ပြင်ဦးလွင် ဩဂုတ် ၃၀
ပြင်ဦးလွင်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကို ဩဂုတ် ၂၈ ရက်တွင် ပြင်ဦးလွင်မြို့နယ် အင်းယား ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပသည်၊၊
အဆိုပါသင်တန်းတွင် ရေချိုး ဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်ပြုလုပ်နည်းတို့ကို သြဂုတ်၂၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး မွမ်းမံ သင်တန်းကို လည်း စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ထပ်မံ သင်ကြားပေးသွားမည် ဖြစ်ကာ သင်တန်းပြီးမြောက်ပါက လုပ်ငန်း ထူထောင်မည့်သူငါးဦးအား ဌာနမှ တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းနှင့် ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သုံးပစ္စည်းများကို သုံးစွဲခွင့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments