၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း လေးယောက်တွဲ အဖွဲ့လိုက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော် ဩဂုတ် ၃၀
အားကစားရေးရာဝန်ကြီးဌာန
အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်း
၍ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ
အားကစားရုံ(A)၌ ကျင်းပလျက်ရှိရာ ယနေ့တွင် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) လေးယောက်တွဲ
အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ကြသည်။
အမျိုးသားလေးယောက်တွဲ
အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ကချင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို
နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို
နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ
-တစ်ပွဲဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊
ရခိုင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက
ကရင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက
ကယားပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို
နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို
နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက
ချင်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အလားတူ အမျိုးသမီးလေးယောက်တွဲ
အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို
နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊
မွန်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက
မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို
နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဩဂုတ် ၃၁ ရက်တွင် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) လေးယောက်တွဲ
အဖွဲ့လိုက်ပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ရာ
အားကစားဝါသနာရှင်များ မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments