ဂျူဗင်တပ်အသင်းက ပါးမားအသင်းကို အနိုင်ရပြီး အီတလီစီးရီးအေ အဖွင့်ပွဲစဉ် နှစ်ပွဲဆက်နိုင်ပွဲရရှိ

 


ဂျူဗင်တပ်အသင်းဟာ   ပါးမားအသင်းကို  အနိုင်ရရှိခဲ့ပြီးနောက်  အီတလီစီးရီးအေ  အဖွင့်ပွဲစဉ် နှစ်ပွဲဆက်နိုင်ပွဲရရှိခဲ့ပြီဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ ဩဂုတ် ၂၉ ရက်ညပိုင်းက အီတလီစီးရီးအေ  ပွဲစဉ်()အဖြစ်  ပါးမားအသင်းနဲ့  ယှဉ်ပြိုင် ကစားခဲ့ရာမှာ ဂျူဗင်တပ်အသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ  ပထမပိုင်းပွဲကစားချိန်အတွင်း ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် ဂျူဗင်တပ်အသင်းက  ဒုတိယပိုင်း ပွဲကစားချိန် ၆၂  မိနစ်မှာ  ဂွန်ဇာလက်က တစ်ဂိုး၊ ၈၈ မိနစ်မှာ ကူမီးနားစ်က တစ်ဂိုးသွင်းယူပေးခဲ့လို့ ဂျူဗင်တပ်အသင်း   အနိုင်သုံးမှတ်အပြည့်ရရှိခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ   ပါးမားအသင်းကို   အနိုင်ရရှိခဲ့တာကြောင့် အီတလီစီးရီးအေနှစ်ပွဲ   ယှဉ်ပြိုင်ကစားပြီးချိန်မှာ   ရမှတ်ခြောက်မှတ်နဲ့   အမှတ်ပေးဇယား  ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာတော့   အေစီမီလန်အသင်းက ဦးဆောင်နေတာဖြစ်ပါတယ်။

ပါးမားအသင်းကတော့   ဂျူဗင်တပ်အသင်းကို   ရှုံးနိမ့်ခဲ့တာကြောင့်   အီတလီစီးရီးအေနှစ်ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ   နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့မှုနဲ့အတူ အမှတ်ပေးဇယားအဆင့်(၁၇)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်

No comments

Powered by Blogger.